သဘောကျတယ်

December 25th, 2009

ကျွန်တော်  အွန်လိုင်းတစ်ခါတလေ ၀င်ဖြစ်ပေမယ့်………. ဒီနေ့လောက် ကြာကြာမ၀င်ဖြစ်ဘူး၊ ဒီနေ့တော့ ဘလော့တွေလည်းဝင်ဖတ်ဖြစ်တယ်၊ ကွန်နက်ရှင်းကလည်း မကောင်းတော့ ၊ google chrome  ကို စပြီးသုံးကြည့်တော့ Mozilla , firefox ထက် တော်တော် မြန်တာတွေ့ရတယ်၊ စသုံးခါစကတော့ ဖောင့်ပြောင်းလို့ရပါ့မလားလို့ စိတ်ပူမိတယ်၊ ဒါပေမယ့် အဆင်ပြေပါတယ် အရမ်း သဘောကျသွားတယ်၊ ( Mozilla ထက်မြန်လို့ပါ mozilla ဆိုရင် ကျွန်တော့်တို့ဆီမှာ ဖွင့်လိုက်ရင် ၁၀ မိနစ်လောက်စောင့်ရပေမယ့်  ဒီ google chrome ကတော့ ချက်ချင်း တက်လာတယ် ၊ ကျွန်တော်တို့လို့ ကိုယ်ပိုင် Laptop တွေမသုံးနိုင်တဲ့သူတွေ ကွန်နက်ရှင်ကြောင့် စိတ်ညစ်ရရင် google chrome က ကူညီပေးပါတယ်။

Always rem:

November 9th, 2009

Jack Greene

Always remember I love you I love you only you
Always remember your whole life through I love you just you
A million miles away from me we’re never far apart cause you’re always in my heart
So always remember I love you I love you just you
Always remember your whole life through I love you just you
A million miles away from me we’re never far apart cause you’re always in my heart
So always remember I love you I love you just you I love you

ever-miss

ပေါက်သွားတယ်

November 9th, 2009

စီးကရက်တစ်လိပ် မီးညှိပြီး  မြက်ခင်းစိမ်းစိမ်းတစ်ခုပေါ်မှာ

မိုးကောင်းကင်ကို မော့လို့ပေါ့…

နံဘေးမှာ ..ဗူးတွေ…ပုလင်းတွေက အဖေါ်အဖြစ်နဲ့

ကိုးရီးယားဇာတ်လမ်းတွဲထဲက ကောင်မလေးက အရမ်းချောတယ်…

အိမ်ထဲကလှမ်းပြောတယ်… အေးနေပြီတဲ့…….

ဗိုက်ကလည်း ဆာလိုက်တာ…..

တီချမ်းရဲ့…အိမ်သွားပြီး ဗိုက်ကောအောင် သွားကြီတ်မယ်လုပ်တော့….

ဖင်ပြောင်ပြီး အိပ်မောကျနေတဲ့ ချမ်းက  ပုဂံတွေ အိုးခွက်တွေ ဆေးလိုက်ပါဦးတဲ့…..

နောက်ထပ်တစ်ဗူး ထပ်ဖွင့်လိုက်တယ်…………

.မရောင့်ရဲလိုက်ပြန်ဘူး……….

ကောင်လေးက ကောင်မလေးကိုကျောပိုးပြီး အိမ်ထဲလိုက်ပို့တယ်…….

သစ်ပင်အုပ်ဆိုင်းဆိုင်းကို မြင်တိုင်း အရမ်းသတိရတယ်ဆိုပဲ…………..

ကောင်မလေးလက်ကို သွားကိုင်မိတော့…….အေးစက်နေလိုက်တာ……….

မနေ့က တွေ့တော့ အိမ်ကို လာလည်မလို့ပါ …အိမ်လိပ်စာပျောက်သွားလို့တဲ့…..

ဖုန်းထဲက ဂဏန်းတွေ သွားနှိပ်မိပြန်တယ်….

နေမကောင်းလို့ အိပ်နေပြီကွ…….

စိတ်နေမကောင်းဘူးတဲ့……………..

တော်ပြီ ဆက်မသောက်တော့ဘူး……….

ပေါက်သွားပြီ………

ttt

ဆောင်းရောက်ပြီ

November 7th, 2009

ည ည..ဆို အရမ်းအေးလာပြီ… စောင်ခြုံလို့လည်း မလုံပါ… ရှိတဲ့စောင်ကလည်း အရမ်းပါးနေပြီ အသစ်ဝယ်ဖို့လည်း ပိုက်ပိုက်ကမရှိ…..။ ဖြစ်နိုင်မယ်ဆိုရင် ဒီဆောင်းအတွက် စောင်အကောင်း စားကြီး တစ်ထည်လောက်တော့  လိုချင်ပါရဲ.. ဒါမှ ဆောင်းကို အံတုန့်နိုင်မှာမဟုတ်လား…… .. တကယ်ဆို ဆောင်းရောက်ရင်   ပိုလို့လွမ်းတယ်လေ… .. ဘယ်သူ့ကိုလဲဆိုတော့ .. တစ်ယောက်ယောက်ကိုပေါ့နော်…..  မှတ်မိနေသေးတယ်……..ဆောင်းရောက်ရင်လည်း  လွမ်း .. မိုးရောက်ရင်လည်းလွမ်း…..နေပူရင်လည်းလွမ်းနေမယ်ဆိုတဲ့….တစ်ယောက်သောသူရဲ့ သံစဉ်တွေကိုပေါ့……..လမ်းဆုံကနေအော်လိုက်ချင်တယ်……”ဆောင်းရောက်နေပြီ.”. …ကို့လိုများ ဆောင်းရောက်လို့လွမ်းနေမယ့်သူတွေလည်း ရှိနေကြဦးမှာပေါ့နော်……….

တစိမ်းဆန်

October 23rd, 2009

ဒီနေ့ ကားကြုံရှိတာနဲ့ မြို့ကို ခဏရောက်ဖြစ်တယ်.. ရောက်တယ်ဆိုတာနဲ့ပဲပထမဆုံး အွန်လိုင်းကို သတိရတယ်လေ…။ ရွာမှာက အဲဒါတွေမရှိဘူးလေ……..။ ဒါပေမယ့် ကံ မကောင်းဘူး ကိုဝင်တဲ့အချိန်ကျမှ မီးက ၃ ကြိမ်တိမိပျက်တယ်ဗျာ……. ( ဒီနေ့ ကံမ ကောင်း ပါလား)၊ ဘလော့ (၄   .. ၅ ..  ၆ ခုလောက်တော့ ၀င်ဖတ်ဖြစ်လိုက်တယ်… အဖျားဆွတ်ဖတ်ရတော့… ထမင်းစားရတာ ဗိတ်မတင်းသလိုပေါ့နော်…။။။

အွန်လိုင်းပေါ်မရောက်တာ တော်တော်လေးကြာသွားတော့..  အားလုံးက တစိမ်း ဆန် နေကြလေရဲ့။။။။   စိတ်ထဲမယ် မကောင်းလိုက်တာနော်………….။

ဂေါက်

October 12th, 2009

ဒီနေ့ ကံကောင်းတယ်..

မနက်ဖြန် ကံကောင်းဦးမလား…?

မဘက်ခါကော……?

ကောင်းခြင်း+မကောင်းခြင်း =   ကောင်း  , မ ?

ကြာပြီဆိုတော့

October 8th, 2009

မရောက်ဖြစ်တာ နှစ်လကျော်ကျော် ရှိနေတဲ့  အွန်လိုင်းပေါ်သို့ ဒီနေ့တော့ ခဏ ရောက် ဖြစ်တယ်. မရောက်ဆို ကိုကလည်းအလှမ်းဝေးတဲ့ ရွာကိုရောက်နေတာကို …အွန်လိုင်းပေါ်က မိတ်ဆွေ  တွေကို  အရမ်းသတိရတယ်ဗျာ…..

(စိတ်ထင်နေတာတစ်ခုတော့ရှိတာပေါ့… ကို့ဘလော့လေး ဖွင့်လို့မှ ရသေးရဲ့လားလို့ပါ)

ဘယ်သူ့ကြောင့်လည်းဆိုတော့ မင်းကြောင့်ပေါ့ဗျာ……..မင်းနဲ့စကားတွေများကြပြီး မင်းလေးက ကို့ဒဏ်ခတ်တဲ့အနေနဲ့ …. ချောင်ကျကျ တောင်ရွာလေးကို ပို့ထားတယ်…မင်း မတရားဘူးနော်.လို့ ပြောမထွက်ပါဘူး………

ရတဲ့အချိန်ခဏလေးမှာ အဓိက ဖတ်ခဲ့တဲ့ ဘလော့နှစ်ခုလောက်ပဲ ဖတ်ဖြစ်ခဲ့တယ်… ကားဂိတ်ကို ပြန်ဆင်းရမယ့်အချိန်နဲ့ ရွာကို မိုးမချုပ်ပြန်ရောက်မဲ့အချိန်ကို တွက်ဆပြီး အွန်လိုင်းမှာ (၂)နာရီလောက်တော့ အချိန်ရခဲ့တယ်……

ကြာပြီဆိုတော့ အရမ်းလွမ်းတာပေါ့နော်….